(၂၇-၁၀-၂၀၂၅ ၊ ဒါကာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၂၇-၁၀-၂၀၂၅ ရက်၊ နံနက် ၁၁:၀၀ နာရီမှ ၁၃:၀၀နာရီအထိ ဒါကာမြို့၊ Ascott Residence Hotel ၌ ကျင်းပခဲ့သည့် (၆၆) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းသံအမတ်ကြီး H.E. Mr. Hj Haris bin Othman က အာဆီယံ-ဒါကာကော်မတီ၏ ဆောင်ရွက်ပြီးသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခြင်း၊ အာဆီယံ-ဒါကာကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည့် ASEAN Family Day (2025) ကျင်းပရေးကိစ္စအပြင် သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အာဆီယံ-ဒါကာကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား ဘရူနိုင်း သံအမတ်ကြီးမှ အင်ဒိုနီးရှား သံရုံးယာယီတာဝန်ခံထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

