ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား လက်ခံတွေ့ဆုံ

(၁၆-၉-၂၀၂၅ ရက်၊ ဒါကာမြို့)

မြန်မာသံရုံး၊ ဒါကာမြို့မှ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၁၆-၉-၂၀၂၅ ရက်၊ ၁၁:၃၀ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာထိတွေ့ဆက်ဆံရေးနှင့် မြန်မာ နိုင်ငံ၏ လာမည့်ပြုပြင်ပြောင်းလဲမှုများအတွက် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်သွားရေးနှင့်စပ်လျဉ်း၍ ရင်းနှီးစွာအမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။