ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပါကစ္စတန်မဟာမင်းကြီး H.E. Mr. Imran Haider အား လက်ခံတွေ့ဆုံ (၃-၉-၂၀၂၅ ရက်)

(၃-၉-၂၀၂၅ ရက်၊ ဒါကာ)

မြန်မာသံရုံး၊ ဒါကာမြို့မှ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၃-၉-၂၀၂၅ ရက်၊ ၁၅:၀၀ နာရီတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ပါကစ္စတန်မဟာမင်းကြီး H.E. Mr. Imran Haider အား မြန်မာသံရုံး၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့်စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာအမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှုများကို အသိပေးဆွေးနွေးခဲ့ပြီးနောက် အမှတ်တရလက်ဆောင်များ အပြန်အလှန် လဲလှယ်ခဲ့ကြောင်း သိရှိရပါသည်။