(၁၅-၇-၂၀၂၅ ရက်၊ ဒါကာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမျိုးသားလုံခြုံရေးအကြံပေး Honorable Dr. Khalilur Rahman နှင့် ၁၅-၇-၂၀၂၅ ရက်၊ နံနက်ပိုင်းတွင် အကြံပေးပုဂ္ဂိုလ်ချုပ်၏ရုံးရှိ ၎င်း၏ရုံးခန်းသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကျိုးရှိစေရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

