(၂၄-၆-၂၀၂၅ ရက်၊ ဒါကာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၂၄-၆-၂၀၂၅ ရက်၊ နံနက် ၁၁:၀၀ နာရီမှ ၁၂:၃၀ နာရီအထိ ဒါကာမြို့၊ Ascott Residence Hotel ၌ ကျင်းပခဲ့သည့် (၆၄) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းသံအမတ်ကြီး H.E. Hj Haris bin Othman က အာဆီယံ-ဒါကာကော်မတီ၏ ဆောင်ရွက်ပြီးသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခြင်း၊ အာဆီယံ-ဒါကာကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဖြစ်သည့် ASEAN Day နှင့် ASEAN Family Day (2025) ကျင်းပရေးကိစ္စအပြင် သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံ တွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။



