ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေခဲ့သော မြန်မာနိုင်ငံသားများအား Myanmar Airways International (MAI) လေယာဉ်ဖြင့် တတိယအကြိမ် ထပ်မံပို့ဆောင်ခဲ့ခြင်း

(၂၅-၇-၂၀၂၀ ရက်နေ့၊ ဒါကာ)

COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ပြေးဆွဲမှုများ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေခဲ့ရသော မြန်မာနိုင်ငံသားများကို တတိယအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International –MAI) ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး ခရီးစဉ်၌ စစ်တကောင်းမြို့တွင် ပိတ်မိနေခဲ့သည့် မြန်မာ သင်္ဘာသားတစ်ဦး၊ ဒါကာမြို့တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား (၂) ဦးနှင့် ရန်ကုန်မြို့၊ အိန္ဒိယသံရုံးတွင် သံရုံးဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မည့် Ms. Nabanita Chakrabarti အပါအဝင် အိန္ဒိယသံတမန် မိသားစုဝင် (၃) ဦးတို့ ပါဝင်ခဲ့ပြီး၊ အဆိုပါလေယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၅-၇-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ (၁၈:၄၅) အချိန်တွင် မြန်မာနိုင်ငံသို့ ထွက်ခွာသွားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် MAI လေယာဉ် အဆင်ပြေ ချောမွေ့စွာ ထွက်ခွာသွားနိုင်ရေးအတွက် မြန်မာသံရုံး၊ ဒါကာမြို့မှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လေဆိပ်၌ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။