( ၂၁-၄-၂၀၂၅ ၊ ဒါကာ )
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၂၀-၄-၂၀၂၅ ရက်၊ ညနေ ၁၆:၀၀ နာရီမှ ၁၇:၃၀နာရီအထိ ဒါကာမြို့အခြေစိုက် ဗီယက်နမ်သံရုံး၌ကျင်းပခဲ့သည့် (၆၃) ကြိမ် မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါ သည်။ အစည်းအဝေးမစတင်မီ သံရုံးအကြီးအကဲများအားလုံးသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တွင် ငလျင်ဒဏ်ကြောင့် အသက် အိုးအိမ်စည်းစိမ်ပျက်စီး ဆုံးရှုံးရမှုများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ၁ မိနစ် ငြိမ်သက်ခဲ့ကြောင်း သိရှိရပါသည်။ အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Manh Cuong က အာဆီယံ-ဒါကာကော်မတီ၏ ဆောင်ရွက်ပြီးသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခြင်း၊ အာဆီယံ-ဒါကာကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဖြစ်သည့် ASEAN Day နှင့် ASEAN Family Day (2025) ကျင်းပရေးကိစ္စအပြင် သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံ တွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အာဆီယံ-ဒါကာကော်မတီ၏ အလှည့်ကျ ဥက္က တာဝန်အား ဗီယက်နမ်သံအမတ်ကြီး မှ ဘရူနိုင်းသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


