(၁၆-၆-၂၀၂၅ ရက်၊ ဒါကာမြို့)
၁၆-၆-၂၀၂၅ ရက်တွင် ဒါကာမြို့ရှိ Hotel Sheraton ၌ ကျင်းပခဲ့သည့် ဘင်းမ်စတက်အဖွဲ့ တည်ထောင်ခြင်း (၂၈) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စီမံကိန်းဝန်ကြီးဌာန ဂုဏ်ထူးဆောင်အကြံပေး H.E. Mr. Wahiduddin Mahmud က အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့ပြီး ဒါကာမြို့ အခြေစိုက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးအကြီးအကဲများ/သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ စုစုပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အထူး ဧည့်သည်တော် ဂုဏ်ထူးဆောင်အကြံပေး H.E. Mr. Wahiduddin Mahmud နှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Indra Mani Pandey တို့က အမှာစကားအသီးသီး ပြောကြား ခဲ့ကြပါသည်။ ယင်းနောက် အထူးဧည့်သည်တော်၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးအကြီးအကဲတို့က ဘင်းမ်စတက်နေ့အထိမ်းအမှတ် ဂုဏ်ပြုကိတ်ခွဲကာ မှတ်တမ်းတင် ဓါတ်များပုံရိုက်ကူးခဲ့ကြပါသည်။ ယင်းအခမ်းအနား၌ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံးတို့က မြန်မာလက်မှုပစ္စည်းများနှင့် ယွန်းထည်များပါဝင်ပြသခဲ့ပြီး သရုပ်ပြဖျော်ဖြေမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ပါသည်။

