ဘင်းမ်စတက်တည်ထောင်ခြင်း (၂၉)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး တက်ရောက်ခဲ့ခြင်းနှင့် မြန်မာလက်မှုပစ္စည်းများ ပါဝင်ပြသခဲ့ခြင်း(၈-၆-၂၀၂၆၊ ဒါကာ)

၈-၆-၂၀၂၆ ရက်တွင် ဒါကာမြို့ရှိ Hotel Sheraton ၌ ကျင်းပခဲ့သည့် ဘင်းမ်စတက်အဖွဲ့ တည်ထောင်ခြင်း (၂၉)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန Hon’ble State Minister H.E. Ms. Shama Obaed Islam က အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့ပြီး ဒါကာမြို့ အခြေစိုက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးအကြီးအကဲများ/သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အထူး ဧည့်သည်တော် Hon’ble State Minister H.E. Shama Obaed Islam နှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Indra Mani Pandey တို့က အသီးသီး အမှာစကားပြောကြားခဲ့ကြပါ သည်။ ယင်းနောက် အထူးဧည့်သည်တော်၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးအကြီးအကဲတို့က ဘင်းမ်စတက်နေ့အထိမ်းအမှတ်ဂုဏ်ပြုကိတ်ခွဲကာ မှတ်တမ်းတင် ဓါတ်များပုံရိုက်ကူးခဲ့ကြပါသည်။
ယင်းအခမ်းအနား၌ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံးတို့က မြန်မာလက်မှုပစ္စည်းများနှင့် ယွန်းထည် များပါဝင်ပြသခဲ့ပြီး နိုင်ငံတော်အလံဝှေ့ယမ်းချီတက် သရုပ်ပြသခဲ့ပါသည်။