ဗြိတိန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်

 (၁-၉-၂၀၂၁ ရက်၊ လန်ဒန်)

၁။  COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ညှိနှိုင်းပေးမှုတို့အရ COVID-19 ကပ်ရောဂါကြောင့် ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာရန် အခက်အခဲ ဖြစ်ပေါ် နေသည့် သံဃာတော် (၁) ပါး အပါအဝင် မြန်မာနိုင်ငံသားများနှင့် ဗြိတိန်နိုင်ငံသား(၁)ဦး  စုစုပေါင်း ခရီးသည် (၂၁) ဦး အား မြန်မာသံရုံး၊ လန်ဒန်မြို့၏ အစီအစဉ်ဖြင့် ၁-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ ဗန်ကောက်မြို့မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်း (MNA)၏ ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။

၂။ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များအား လန်ဒန်မြို့၊ ဟီးသရိုး လေဆိပ်တွင် မြန်မာသံရုံးတာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။