(၁၇-၁၀-၂၀၂၂ ရက်၊ ဗီယင်နာ)
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် အာဆီယံ-ဗီယင်နာကော်မတီ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော မြန်မာသံရုံး/ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ဦးဆောင်လျက် ASEAN Family Day အခမ်းအနားကို ဗီယင်နာမြို့ရှိ Donaupark (Bühne Donaupark) တွင် ၁၆-၁၀-၂၀၂၂ ရက်၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး၊ ဗီယင်နာ မြို့တော်ဝန်ကိုယ်စား အထူးဧည့်သည်တော်အဖြစ် တက်ရောက်သည့် ဗီယင်နာ ပြည်နယ်လွှတ်တော်အဖွဲ့ဝင်နှင့် ဗီယင်နာမြို့တော် စည်ပင်သာယာရေး ကောင်စီဝင် Ms. Luise Däger-Gregori က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ ပါသည်။
အဆိုပါအခမ်းအနား၌ ဗီယင်နာမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံး/ အဖွဲ့ရုံးများအလိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများက ဦးဆောင်လျက် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက သီချင်းများ သီဆိုဖျော်ဖြေခြင်း၊ အားကစားပွဲများ၊ ရိုးရာအကများတွင် ပါဝင်ဆင်နွှဲခြင်း၊ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်













