ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂရုံး ညွှန်ကြားရေးမှူးချုပ်က အမြဲတမ်းကိုယ်စားလှယ်များအား တည်ခင်းသည့် အလုပ်သဘော နံနက်စာစားပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်တက်ရောက်

(၁-၁၀-၂၀၂၅ ရက်၊ ဗီယင်နာ)

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂရုံး (UNOV) ညွှန်ကြားရေးမှူးချုပ် Ms. Ghada Waly က ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များအား တည်ခင်းသည့် အလုပ်သဘော နံနက်စာစားပွဲကို ၁-၁၀-၂၀၂၅ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာရှိ Mozart Room ၌ ကျင်းပခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်း တက်ရောက်ခဲ့ပါသည်။

အဆိုပါ နံနက်စာစားပွဲတွင် UNOV ညွှန်ကြားရေးမှူးချုပ်က ကုလသမဂ္ဂ နှစ် ၈၀ ပြည့်မြောက် သော ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ UN80 Initiative အစီအစဉ်အောက်မှ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်မှုရှိရေးနှင့် မလိုအပ်သည့် လုပ်ငန်းများကို လျှော့ချရေး၊ ဖွဲ့စည်းပုံပြုပြင်ရေးနှင့် လုပ်ငန်းအစီအစဉ်များ ပြန်လည်ချိန်ညှိရေး၊ ဘတ်ဂျက်အသုံးစရိတ်များလျှော့ချရေး ကိစ္စရပ်များ အပါအဝင် ရေတို/ရေရှည်စီမံကိန်းများ၊ လက်ရှိစိန်ခေါ်မှုများနှင့် ဦးစားပေးဆောင်ရွက်ရန်ကိစ္စရပ်များ ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။