(၁-၄-၂၀၂၆၊ နယူးဒေလီမြို့)
အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် အိန္ဒိယနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Thanh Hai က အာဆီယံ-နယူးဒေလီကော်မတီ (ANDC) အား ၁-၄-၂၀၂၆ ရက်၊ ၁၈၃၀ နာရီတွင် ဗီယက်နမ်နိုင်ငံသံရုံး၌ တည်ခင်းဧည့်ခံသည့် နှုတ်ဆက်ညစာ စားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ညစာစားပွဲအတွင်း ANDC ၏ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာသံအမတ်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။ အဆိုပါညစာစားပွဲသို့ အာဆီယံသံအမတ်ကြီးများ၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ အရာရှိများနှင့် သံရုံးဒုတိယအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။




