ဗီယက်နမ်နိုင်ငံသမ္မတဟောင်း မစ္စတာ ထရန်ဒတ်လွန်၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက် (၂၆-၅-၂၀၂၅)

(၂၆-၅-၂၀၂၅၊ ဟနွိုင်း)
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတဟောင်းနှင့် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း မစ္စတာ ထရန်ဒတ်လွန်သည် ၂၀-၅-၂၀၂၅ ရက်တွင် ကွယ်လွန်ခဲ့ပြီးနောက် ဟနွိုင်းမြို့၊ အမျိုးသား ဈာပနခန်းမ၌ ၂၄-၅-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်ဈာပနအခမ်းအနားသို့ ဟနွိုင်းမြို့ အခြေစိုက် သံတမန်များက စုပေါင်းဂါရဝပြုသည့်အစီအစဉ်သို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးတင်ဝင်းအောင်မိုး ပါဝင်တက်ရောက်ခဲ့ပြီး ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
 
*****************