ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သည့် ဦးဝေလင်းသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာနှင့် စကားပြန်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Le Cong Dung ထံသွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာ(မိတ္တူ)ကို ပေးအပ်ခဲ့ကာ ဗီယက်နမ်နိုင်ငံအကြီးအကဲထံ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားနှင့် စပ်လျဉ်း၍လည်းကောင်း၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။



