ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေး(၂၁-၅-၂၀၂၆၊ ဟနွိုင်း)

ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်း သည် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှ၊ တောင်အာရှနှင့် တောင်ပစိဖိတ်ရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ H.E. Mr. Nguyen Tat Thanh အား ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်၊ နံနက် ၁၀၃၀ နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ အာဆီယံမူဘောင်အောက်အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မြန်မာ အစိုးရ၏ ရည်မှန်းချက်များနှင့်မူဝါဒများ၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။