(၅-၂-၂၀၂၆ ရက်၊ ဟနွိုင်း)
ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်း သည် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခြင်းခံရသည့် H.E. Mr. Tshering W. Sherpa အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၁၀၀၀ နာရီအချိန်တွင် မြန်မာသံရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို အထောက်အပံ့ဖြစ်စေရန်အတွက် ဟနွိုင်းမြို့အခြေစိုက် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားရေး၊ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အားလျော်စွာ အပြန်အလှန် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် အာဆီယံ-အိန္ဒိယ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားရေးတို့ကို ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲများကျင်းပပြီးစီးမှုနှင့် လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။



