ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက ဘယ်လာရုစ်သံအမတ်ကြီးအား သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံ

(၁၆-၉-၂၀၂၅ ရက်၊ ဟနွိုင်း)

ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်း သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားသည့် ဗီယက်နမ်နိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Uladzimir Baravikou အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ ၁၄၀၀ နာရီအချိန်တွင် ဟနွိုင်းမြို့ရှိ ဘယ်လာရုစ်သံရုံး၌ သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုမြှင့်တင်နိုင်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေး၊ ဟနွိုင်းမြို့အခြေစိုက် နှစ်ဖက်သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ နှစ်နိုင်ငံအကျိုးစီးပွားကိုဖော်ဆောင်သွားနိုင်ရေးတို့ကို ခင်မင် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာ့ရိုးရာ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။