ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး စင်ကာပူနိုင်ငံ သံအမတ်ကြီးအား သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံ (၉-၉-၂၀၂၅ ရက်)

(၉-၉-၂၀၂၅ ရက်၊ ဟနွိုင်း)

ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်း သည် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး H.E. Mr. Jaya Ratnam အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ မွန်းလွဲ ၁၆၀၀ နာရီအချိန်တွင် ဟနွိုင်းမြို့ရှိ စင်ကာပူနိုင်ငံသံရုံး၌ သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံ ခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အာဆီယံ မူဘောင်အောက်တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေးနှင့် ဟနွိုင်းမြို့အခြေစိုက် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်၍ နှစ်နိုင်ငံအကျိုး စီးပွားဖော်ဆောင်သွားနိုင်ရေး ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး က မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေ မှုများကို အသိပေးဆွေးနွေးခဲ့ပြီးနောက် စင်ကာပူနိုင်ငံသံအမတ်ကြီးအား မြန်မာ့ရိုးရာအမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ပါသည်။

မြန်မာသံရုံး၊ ဟနွိုင်းမြို့