(၉-၉-၂၀၂၅ ရက်၊ ဟနွိုင်း)
ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်း သည် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mrs. Chea Kimtha အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက် ၁၀၀၀ နာရီအချိန်တွင် ဟနွိုင်းမြို့ရှိ ကမ္ဘောဒီးယားနိုင်ငံသံရုံး၌ သွားရောက် နှုတ်ခွန်းဆက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အာဆီယံမူဘောင်အောက်တွင် အပြန်အလှန်ထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေးနှင့် ဟနွိုင်းမြို့အခြေစိုက် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်၍ နှစ်နိုင်ငံ အကျိုးစီးပွားဖော်ဆောင်သွားနိုင်ရေးတို့ကို ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့နောက် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး က ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးအား မြန်မာ့ရိုးရာ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။
မြန်မာသံရုံး၊ ဟနွိုင်းမြို့

