(၃-၉-၂၀၂၅ ရက်၊ ဟနွိုင်း)
ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်း သည် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Meynardo Los Baños Montealegre အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ မွန်းလွဲ ၁၄၃၀ နာရီအချိန်တွင် ဟနွိုင်းမြို့ရှိ ဖိလစ်ပိုင်နိုင်ငံသံရုံး၌ သွားရောက် နှုတ်ခွန်းဆက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အာဆီယံ မူဘောင်အောက်တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေးအပြင် ၂၀၂၆ ခုနှစ်၌ ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံ က တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်သွားရေးနှင့် ဟနွိုင်းမြို့အခြေစိုက် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ အာဆီယံဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှုများ၊ ဆက်စပ်အခမ်း အနားများ ကျင်းပခြင်းမှတစ်ဆင့် နှစ်နိုင်ငံအကျိုးစီးပွားကိုဖော်ဆောင်သွားနိုင်ရေးတို့ကို ခင်မင် ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့နောက် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီးအား မြန်မာ့ရိုးရာ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။

