(၂၅-၈-၂၀၂၅ ရက်၊ ဟနွိုင်း)
ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းသည် မြန်မာနိုင်ငံ ဆိုင်ရာ နီကာရာဂွါသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ရန် သဘောတူညီထားသည့် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ နီကာရာဂွါသံအမတ်ကြီး H.E. Mr. Mario Jose Armengol Campos အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ ၁၅၀၀ နာရီအချိန်တွင် ဟနွိုင်းမြို့ရှိ နီကာရာဂွါသံရုံး၌ သွားရောက် နှုတ်ခွန်း ဆက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုမြှင့်တင်နိုင်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေး၊ ဟနွိုင်းမြို့အခြေစိုက် နှစ်ဖက်သံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ နှစ်နိုင်ငံအကျိုးစီးပွားကိုဖော်ဆောင်သွားနိုင်ရေးတို့ကို ခင်မင် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာ့ရိုးရာ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

