ဗီယက်နမ်နိုင်ငံက အာဆီယံအဖွဲ့သို့ဝင်ရောက်သည့် နှစ်(၃၀)ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် အာဆီယံအဖွဲ့တည်ထောင်သည့် (၅၈)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာသံရုံးယာယီ တာဝန်ခံ/ သံအမတ်ကြီး ပါဝင်တက်ရောက် (၂၉-၇-၂၀၂၅ ရက်)

(၂၉-၇-၂၀၂၅၊ ဟနွိုင်း)

ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းသည် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၈-၇-၂၀၂၅ ရက်တွင် Melia Hanoi Hotel ၌ စီစဉ်ပြုလုပ်သည့် ဗီယက်နမ်နိုင်ငံ၏ အာဆီယံအဖွဲ့သို့ဝင်ရောက်သည့် နှစ်(၃၀)ပြည့်အထိမ်းအမှတ်နှင့် အာဆီယံအဖွဲ့ တည်ထောင်သည့် (၅၈)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bui Thanh Son နှင့်အတူ ဗီယက်နမ်အခြေစိုက် အာဆီယံနှင့် အခြားပြည်ပသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဗီယက်နမ်နိုင်ငံအစိုးရ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက မိန့်ခွန်းပြောကြား၍ ဗီယက်နမ်နိုင်ငံမှ အာဆီယံသို့ ပါဝင်အကျိုးပြုခဲ့မှုများကို ဖော်ညွှန်းကာ အနာဂတ် အတွက်ထားရှိသည့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ပြီး အာဆီယံသံရုံးများ ကိုယ်စား ဗီယက်နမ်နိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီးက ဂုဏ်ပြုအမှာစကား ပြန်လည် ပြောကြားခဲ့ပါသည်။