ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit)သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဇနီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ စက်တင်ဘာ ၆

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီး တို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၆ ရက်၊ မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံတော်သမ္မတအား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


#Reference: PPIB