ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ ၇၉ နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အခမ်းအနားသို့ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ် တက်ရောက် (၅-၉-၂၀၂၄ ရက်)

(၅-၉-၂၀၂၄ ရက် ၊ ကူမင်း)

ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ကူမင်းမြို့၌ ၅-၉-၂၀၂၄ ရက် ၁၈၃၀ နာရီတွင်ကျင်းပခဲ့သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ ၇၉ နှစ်မြောက် လွတ်လပ်ရေးနေ့ နှင့် အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ တာဝန်ရှိသူများ၊ ကူမင်းမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။