မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ၂၆-၄-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်မှ တရုတ်နိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စ မာကျား၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် လိုက်ပါပို့ဆောင်ခဲ့ပါသည်။
ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်မှ ပြန်လည်ထွက်ခွာ( ၂၆-၄-၂၀၂၆ ရက်၊နေပြည်တော် )

