ဗင်နီဇွဲလားနိုင်ငံငလျင်ဘေးအတွက် မြန်မာသံအမတ်ကြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး (၆-၇-၂၀၂၆၊ အဒစ်အဘာဘာ)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၂၀၂၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဗင်နီဇွဲလားနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးရန် အဒစ်အဘာဘာမြို့ရှိ ဗင်နီဇွဲလားသံရုံးသို့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။ သံအမတ်ကြီးက မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား ဗင်နီဇွဲလားအစိုးရ၊ ပြည်သူများနှင့်တကွ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် သေဆုံး၊ ဒဏ်ရာရသူများ၏ မိသားစုဝင်များထံသို့ စာနာထောက်ထားမှုနှင့် ဝမ်းနည်းကြောင်းဖော်ပြလျက် လက်မှတ်ရေးထိုးခဲ့ပါသည်။