(၂၄-၁၁-၂၀၂၅ ရက်၊ ရီရတ်ဒ်)
ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့(United Nations Industrial Development Organization-UNIDO) က ကြီးမှူးကျင်းပသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ (၁၁)ကြိမ် မြောက်ဝန်ကြီး အဆင့်ညီလာခံကို ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့၌ ၂၂-၁၁-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဗီယင်နာမြို့အခြေစိုက်ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့ ပါသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားတွင် UNIDO ညွှန်ကြားရေးမှူးချုပ် Mr. Gerd Müller နှင့် နိုင်ငံ တကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အိုပက်ရန်ပုံငွေအဖွဲ့ဥက္ကဋ္ဌ Mr. Abdulhamid Alkhalifa တို့က အဖွင့်မိန့်ခွန်းများပြောကြားခဲ့ပြီး၊ ဖွံ့ဖြိုးမှုအနည်းဆုံး၊ ကုန်းတွင်းပိတ်နှင့် ဖွံ့ဖြိုးဆဲကျွန်းစုနိုင်ငံများ ဆိုင်ရာကုလသမဂ္ဂအဆင့်မြင့် ကိုယ်စားလှယ် Under Secretary-General Ms. Fatima Rabab ကလည်း ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ညီလာခံသို့တက်ရောက်လာကြသော LDC နိုင်ငံများမှဝန်ကြီးများ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများမှ အဆင့်မြင့် အရာရှိကြီးများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များက panellist များအဖြစ် “ရင်းနှီးမြုပ်နှံမှု၊ တီထွင်ဆန်းသစ်မှုနှင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “LDC နိုင်ငံများ၏ စက်မှုကဏ္ဍဖွံ့ဖြိုးမှုအတွက် ဘဏ္ဍာရေးနှင့်ရင်းနှီး မြုပ်နှံမှုများရရှိရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “စက်မှုမူဝါဒများ ပြောင်းလဲရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အိမ်ရှင်ဆော်ဒီအာရေဗျနိုင်ငံ၏ စက်မှုနှင့် သတ္တုအရင်းအမြစ်ဆိုင်ရာဝန်ကြီး H.E. Mr. Bandar bin Ibrahim Al-Khorayef က မိန့်ခွန်း ပြောကြားခဲ့ပြီး၊ UNIDO ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ညီလာခံတွင် ဝန်ကြီးများ၏ကြေညာချက် (Ministerial Declaration) ကို အတည်ပြုခဲ့ပြီး၊ Implementation Plan for UNIDO’s Operational Strategy for LDCs (2022–2031) ကို ထောက်ခံထုတ်ပြန်ခဲ့ကြပါသည်။

