ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေး ကြေညာခြင်း (၁၂၈)နှစ်မြောက်နှင့် ဖိလစ်ပိုင်-အမေရိကန် သံတမန် အဆက်အသွယ်ထူထောင်မှု နှစ်(၈၀)မြောက် အထိမ်းအမှတ် ဧည့်ခံပွဲသို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက် (၅-၆-၂၀၂၆၊ ဝါရှင်တန်)

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် အမေရိကန် နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် တွင် ဝါရှင်တန်မြို့၊ Library of Congress ၊ Thomas Jefferson Building ၊ The Great Hall ၌ ကျင်းပပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးကြေညာခြင်း(၁၂၈)နှစ်မြောက်နှင့် ဖိလစ်ပိုင်- အမေရိကန် သံတမန်အဆက်အသွယ်ထူထောင်မှု နှစ်(၈၀)မြောက် အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဧည့်ခံပွဲသို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရို၊ အမေရိကန်အစိုးရနှင့် လွှတ်တော်တို့မှ တာဝန်ရှိသူများ၊ ဝါရှင်တန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။