ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား (၁၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်

(၂၇-၄-၂၀၂၁ ရက်၊ မနီလာ)

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုထိန်းချုပ် ကာကွယ်ရေး စီမံချက်များကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိဘဲ ဖိလစ်ပိုင်နိုင်ငံတွင်  ဆက်လက်နေထိုင်ရန် အခက်အခဲများကြုံတွေ့နေရသည့် ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသား (၁၄၁) ဦးနှင့် ICRC နိုင်ငံခြားသားကျွမ်းကျင်ပညာရှင် (၁) ဦးတို့သည် မြန်မာသံရုံး၊  မနီလာမြို့မှ စီစဉ်သည့် (၁၄) ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ၊ ခရီးစဉ်အမှတ် (UB9906) ဖြင့် မနီလာမြို့၊ NAIA အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ယနေ့ (၂၇-၀၄-၂၀၂၁) ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ(၀၃၀၆) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။