ဖိလစ်ပိုင်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား  (၁၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင် 

(၁-၉-၂၀၂၁ ရက်၊ မနီလာ)

၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID19) ကူးစက်ပြန့်ပွားမှု  ကာကွယ်ထိန်းချုပ်ရေးအစီအမံများကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံတွင် ဆက်လက်နေထိုင်ရန် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ( ၅၉ ) ဦး နှင့် ဖိလစ်ပိုင်နိုင်ငံသား (၁) ဦးတို့သည် မြန်မာသံရုံး ၊ မနီလာမြို့မှ စီစဉ်သည့် (၁၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (MNA) ၊ ခရီးစဉ်အမှတ် (UB9906) ဖြင့် မနီလာမြို့၊ NAIA အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ယနေ့(၁-၉-၂၀၂၁) ရက်၊ ဒေသစံတော်ချိန် ညနေ ( ၆:၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာသွားပါသည်။

၂။ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ မနီလာမြို့မှ သံရုံးဝန်ထမ်းများက လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။