ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅) ဖြန့်ဝေခြင်း

 ၂၁-၈-၂၀၂၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၈-၁၂-၂၀၂၅ ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၁-၈-၂၀၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်အမှတ်(၆၂/၂၀၂၅)အရ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)ကို ဖြန့်ဝေအပ်ပါသည်။ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာသံရုံးများသို့ ပေးပို့နိုင်မည့် နေ့ရက်မှာ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ရက်အထိ ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

https://www.uec.gov.mm/PDF/Form(15).pdf