(၅-၄-၂၀၂၂ ရက်၊ ဆိုးလ်)
၁။ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/ သွားရောက်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၅-၄-၂၀၂၂ ရက် (အင်္ဂါနေ့)တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၁၀၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့ပါသည်။
၂။ အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၆:၄၅) နာရီတွင် ထွက်ခွာခဲ့ပြီး၊ ဘရာဇီးမှ (၂)ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၂) ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၆၁) ဦးဖြင့် စုစုပေါင်း (၇၅) ဦးတို့ စီးနင်းလိုက်ပါခဲ့ပါသည်။
၃။ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။



