ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား (၇၁) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်

(၂၄-၈-၂၀၂၁ ရက်၊ ဆိုးလ်)

၁။  ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း  မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/ သွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၂၄-၈-၂၀၂၁ ရက် (အင်္ဂါနေ့) တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၇၁) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့ပါသည်။

၂။ အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၇:၁၅) နာရီတွင် ထွက်ခွာခဲ့ပြီး၊ ဘယ်လ်ဂျီယံမှ (၁) ဦး၊ ဘရာဇီးမှ (၁) ဦး၊ ကနေဒါမှ (၁) ဦး၊ အီတလီမှ (၁) ဦး၊ ဖိလစ်ပိုင်မှ (၄) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၃) ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၂၈) ဦး၊ စုစုပေါင်း (၃၉) ဦး တို့ စီးနင်းလိုက်ပါခဲ့ပါသည်။

၃။ လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရ ပါသည်။