(၂၀-၄-၂၀၂၁ ရက်၊ ဆိုးလ်)
COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၂၀-၄-၂၀၂၁ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် (၅၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့ပါသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၁၀ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ (၄ဝ)ဦး၊ ဘယ်လ်ဂျီယံမှ (၁) ဦး၊ အီတလီမှ (၂) ဦး၊ နော်ဝေမှ (၁) ဦး၊ ဗီယက်နမ်မှ (၅) ဦး၊ ဗြိတိန်မှ (၁) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၄) ဦး နိုင်ငံခြားသား(၄) ဦး စုစုပေါင်း (၅၈) ဦးတို့ စီးနင်းလိုက်ပါခဲ့ပါသည်။
လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရပါသည်။

