(၉-၁၁-၂၀၂၁ ရက်၊ ဆိုးလ်)
၁။ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက် ခွာ/ သွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင် ရေးစီစဉ်ပေးလျက်ရှိရာ ၉-၁၁-၂၀၂၁ရက်(အင်္ဂါနေ့)တွင်မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်း (MAI) ဖြင့် (၈၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့ ပါသည်။
၂။ အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်သို့ (၁၆:၅၅) နာရီ တွင် ထွက်ခွာခဲ့ပြီး၊ ဘရာဇီးမှ (၁) ဦး၊ အီတလီမှ (၇) ဦး၊ ဖိလစ် ပိုင်မှ(၇)ဦး၊ တောင်အာဖရိကမှ (၉) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၀) ဦး၊ ကိုရီးယားသမ္မတ နိုင်ငံမှ မြန်မာနိုင်ငံသား (၄၁) ဦး၊ စုစုပေါင်း (၇၅) ဦးတို့ စီးနင်းလိုက်ပါခဲ့ပါသည်။ လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရှိရပါသည်။



