(၅-၂-၂၀၂၁၊ ဆိုးလ်)
COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကိုရီးယားသမ္မတနိုင်ငံတွင် Employment Permit System-EPS စနစ်ဖြင့် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား များအတွက် ရည်ညွှန်းပါစာခွင့်ပြုချက်ဖြင့် ၅-၂-၂၀၂၁ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ (၁၅:၄၅) နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာအလုပ်သမား (၉၆) ဦးနှင့် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပိတ်မိနေသော မြန်မာနိုင်ငံသား (၁၂) ဦး၊ စုစုပေါင်း (၁၀၈)ဦးတို့ စီးနင်းလိုက်ပါခဲ့ကြပါသည်။ လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။




