ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်  ဧည့်ခံပွဲအခမ်းအနားအား ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပ

(၂၇-၃-၂၀၂၆ရက်၊ မနီလာမြို့)

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Makati Diamond Residence ၌ ၂၀၂၆ခုနှစ် မတ်လ ၂၇ရက်၊ ညနေပိုင်း ၁၈၃၀ နာရီတွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး (ကြည်း၊ရေ၊ လေ) တို့မှ ကြီးမှူး ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဧည့်ခံပွဲအခမ်းအနားတွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးစိုးကိုကိုမှ ဂုဏ်ပြုအဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ကျော်လင်းအောင်က အထိမ်းအမှတ်မိန့်ခွန်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

          ယင်းအခမ်းအနားသို့  မနီလာမြို့ အခြေစိုက် သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံ များနှင့် သံတမန်များ၊ ဖိလစ်ပိုင်နိုင်ငံ တပ်မတော်မှ   အရာရှိကြီးများ၊ နိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများနှင့် ဇနီးများ၊ မြန်မာအသိုက်အဝန်းမှ ဧည့်သည်တော်များအပါအဝင် ဧည့်သည်တော် (၁၃၀)ခန့် ပါဝင်တက်ရောက်ခဲ့ပါသည်။

  ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား   ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ညစာသုံးဆောင်နေစဉ်အတွင်း  မြန်မာ့ခရီးသွားအလှအပနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်မှုဆိုင်ရာ ဗွီဒီယိုမှတ်တမ်းများအားလည်းကောင်း၊ မြန်မာ့တပ်မတော်၏ ဂုဏ်ပြုတေးသီးချင်းများနှင့် စစ်ရေးပြအခမ်းအနား ဗီဒီယိုမှတ်တမ်းများ ကိုပြသခဲ့ကြောင်း သိရှိရပါသည်။