ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မဟာဗောဓိ မဟာဝိဟာရဘုရား ကျောင်းသို့ ရောက်ရှိကြပြီး မဟာဗောဓိ စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အားဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သောက်တော်ရေချမ်း၊ ဆီမီးနှင့် ပန်း များကပ်လှူပူဇော်ပြီး နိုင်ငံတော်သမ္မတကိုယ်စား ဆရာတော်ကြီးတစ်ပါးက ဗုဒ္ဓရုပ်ပွား တော်မြတ်အား သင်္ကန်းကပ်လှူပူဇော်သည်။ ယင်းနောက် မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ရေချမ်း၊ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ မဟာဗောဓိစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညို၍ မာရဝိဇယ ရုပ်ပွားတော်မြတ်အား လှူဒါန်းသည်။ ထို့နောက် နိုင်ငံတော်သမ္မတက မဟာဗောဓိစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူငွေများအား မဟာဗောဓိကျောင်းဆရာတော်ထံ ဆပ်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ပါသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် မဟာဗောဓိ စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပါသည်။






*******************

