(၉-၁-၂၀၂၆ရက်၊နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါမူကြီးများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို အခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့် အားလျော်စွာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီး အဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံတို့အကြား သံတမန် အဆက်အသွယ်ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးအောင်ကျော်မိုး နှင့် မလေးရှားနိုင်ငံဆိုင်ရာ ဆိုမာလီယာ သံအမတ်ကြီး Mr. Ali Mohamed Abukar တို့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် တွင် ကွာလာလမ်ပူမြို့၊ မြန်မာသံရုံး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၇) နိုင်ငံမြောက် သံတမန် အဆက်အသွယ် ထူထောင်သည့် နိုင်ငံဖြစ်သည်။

