(၅-၁၂-၂၀၂၅ ရက်၊ အော်တာဝါမြို့)
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း (ပထမနေ့) ကို မြန်မာသံရုံး၊ အော်တာဝါမြို့၌ ၅-၁၂-၂၀၂၅ ရက် (သောကြာနေ့) ၀၉၃၀ နာရီချိန်မှ ၁၆၃၀ နာရီချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦး က မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်၍ သံရုံးဝန်ထမ်းများက ကြိုတင်ဆန္ဒမဲပေးရန် လာရောက်ကြ သည့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များအား စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အခြားလိုအပ်သည်များ လုပ်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။ ကြိုတင်ဆန္ဒမဲပေးခြင်း ဒုတိယနေ့ကို မြန်မာသံရုံး၊ အော်တာဝါမြို့တွင် ၆-၁၂-၂၀၂၅ ရက် (စနေနေ့)၌ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။




