(၅-၁၂-၂၀၂၅ ရက်၊ ပေကျင်း)
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း (ပထမနေ့) ကို မြန်မာသံရုံး၊ ပေကျင်းမြို့၌ ၅-၁၂-၂၀၂၅ ရက် (သောကြာနေ့) ၀၉၃၀ နာရီချိန်မှ ၁၇၃၀ နာရီချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး၊ ပေကျင်းမြို့မှ သံအမတ်ကြီး ဦးတင်မောင်ဆွေက မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်၍ သံရုံးဝန်ထမ်းများက ကြိုတင်ဆန္ဒမဲပေးရန် လာရောက်ကြသည့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များအား စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ် များနှင့်ပတ်သက်သည့် အခြားလိုအပ်သည်များ လုပ်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။
ကြိုတင်ဆန္ဒမဲပေးခြင်းကို မြန်မာသံရုံး၊ ပေကျင်းမြို့တွင် ၆-၁၂-၂၀၂၅ ရက်၌ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
**********************



