ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာအမှတ်(၁/၂၀၂၅)

၁။      နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး (လစာနှုန်း ကျပ် ၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀)ရာထူး(၂၀)နေရာအတွက် လျှောက်ထားနိုင်ပါသည်။ (လျှောက်လွှာ ပုံစံကို နိုင်ငံခြားရေးဝန်ကြီးဌာန Website နှင့် Facebook Page တို့တွင် ရယူနိုင်ပါသည်။)

၂။       အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာပုံစံနှင့် အတူ လိုအပ်သည့်စာရွက်စာတမ်းများ ပူးတွဲ၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်သို့ ကြော်ငြာသည့်နေ့မှစ၍ ၂၈-၁၁-၂၀၂၅ ရက်(သောကြာနေ့) နောက်ဆုံးထားပြီး လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရုံးချိန်အတွင်း လာရောက်လျှောက်လွှာတင်သွင်းနိုင်သည်။ Online မှ လျှောက်ထားလိုပါက https://tally.so/r/mJN4zK တွင် ဖြည့်သွင်း၍ လျှောက်ထားနိုင်ပါ သည်။  

၃။      လျှောက်ထားသူသည်-

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)     ဝိဇ္ဇာဘွဲ့/သိပ္ပံဘွဲ့(အထူးပြုဘာသာရပ်များ)/ဥပဒေဘွဲ့/နိုင်ငံခြားဘာသာဘွဲ့များ/ စီးပွားရေးဘွဲ့များ/ ကွန်ပျူတာဘွဲ့များ။

          (ဂ)     အိမ်ထောင်မရှိသူ အမျိုးသား၊ အမျိုးသမီး ဖြစ်ရမည်။

          (ဃ)    ရိုးရိုးဘွဲ့ရဖြစ်ပါက ၂၈-၁၁-၂၀၂၅ ရက်တွင် အသက်(၂၅)နှစ်ထက်မကျော်လွန်စေရ။

(င)     နိုင်ငံ့ဝန်ထမ်း(အမြဲတမ်းခန့်ဝန်ထမ်း) (သို့မဟုတ်) မဟာဘွဲ့ရရှိပြီးဖြစ်ပါက ၂၈-၁၁-၂၀၂၅ ရက်တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်စေရ။

(စ)     အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်မည်ဟု ကတိခံဝန်ချက်ရေးထိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၂၀)သိန်း (ကျပ်နှစ်ဆယ်သိန်းတိတိ)ကို တစ်လုံး တစ်ခဲတည်း ပေးလျော်ရမည်။

          (ဆ)    (၁)လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်/ဘွဲ့ထောက်ခံစာမိတ္တူ၊ အခြားတတ်ကျွမ်းသော ဘာသာရပ် (ဘာသာစကား/ကွန်ပျူတာ) အောင်လက်မှတ် များ (ရှိလျှင်) ။

          (ဇ)     (၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်းမှတ်တမ်း (မူရင်း၊ မိတ္တူ)။

          (ဈ)     (၁)လအတွင်း ပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းကြောင်း ကျေးရွာ/ရပ်ကွက်ထောက်ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း၊ ပါတီ နိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းထောက်ခံစာ(မူရင်း၊ မိတ္တူ)။

          (ည)    သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြား (မူရင်း၊ မိတ္တူ)။

          (ဋ)     ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ဌာနဆိုင်ရာပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက် (မူရင်း၊ မိတ္တူ)။

          (ဌ)     ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ပါက ဌာန၏နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်စာမိတ္တူ။

          (ဍ)     အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်/ထုတ်ပယ်ခြင်း၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခြင်းခံရသူများ လျှောက်ထားခွင့်မရှိပါ။

၄။      အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ စုစုပေါင်း(၃)နာရီ မေးခွန်းဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရေးဖြေအောင်မြင်သူများကိုသာ စိတ် အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်း ပြုလုပ်သွားမည် ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲ ဖြေဆိုမည့် ရက်နှင့် ဖြေဆိုခွင့်ရရှိသူများ၏ ခုံအမှတ်တို့အား နိုင်ငံခြားရေးဝန်ကြီးဌာန website နှင့် Facebook Page တို့တွင် အသိပေးဖော်ပြသွားမည် ဖြစ်ပါသည်။

၅။      စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်နှင့် အခြားအောင်လက်မှတ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အလုပ်သမားမှတ်ပုံတင် ကတ်ပြား စသည်တို့ကို မူရင်းတင်ပြနိုင်ရမည်။ အသေးစိတ်သိရှိလိုပါက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၂၃၃၄ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။