ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့  ကမ္ဘောဒီးယားနိုင်ငံ၊ အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်း သမိုင်းဝင် အန်ကောဝပ်နှင့် ဘေရွန်ဘုရားကျောင်းတော်များသို့ သွားရောက်ကြည့်ရှုလေ့လာ   

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့တွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဆီရမ်ရိမြို့၊ အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ်ဘုရားကျောင်းတော်နှင့် ဘေရွန်ဘုရားကျောင်းတော် တို့အား သွားရောက်ကြည့်ရှုလေ့လာသည်။

#Reference:PPIB