ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်” သို့တက်ရောက်မိန့်ခွန်းပြောကြား

“မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”ကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိင်းမြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု မြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားသည်။

အဆိုပါ “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
#Reference: PPIB