(၆-၈-၂၀၂၆၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲအား ထိုင်းနိုင်ငံ တာဝန်ရှိသူများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့သည်။
#Reference:PPIB





