ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်+ဒေါ်ကြူကြူလှ၊ သားသမီး၊ မြေး တစ်စုတို့ကလှူဒါန်းသည့် ဘုရားဆင်းတု၊ သင်္ကန်းပရိက္ခရာ၊ နေ့ဆွမ်း၊ နဝကမ္မဝတ္ထု အလှူတော်ငွေ နှင့် ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားအား မြန်မာ သံရုံးရှိ မြန်မာဂေဟာ တွင်ကျင်းပ(၅-၆-၂၀၂၆၊ နယူးဒေလီ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်+ဒေါ်ကြူကြူလှ၊ သားသမီး၊ မြေး တစ်စုတို့ကလှူဒါန်းသည့် ဘုရားဆင်းတု၊ သင်္ကန်းပရိက္ခရာ၊ နေ့ဆွမ်း၊ နဝကမ္မဝတ္ထု အလှူတော် ငွေနှင့် ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားအား ၅-၆-၂၀၂၆ ရက်နေ့၊ နံနက် ၉း၃၀နာရီမှ ၁၁း၃၀နာရီအထိ နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ကျင်းပခဲ့ရာ သံအမတ်ကြီး ဦးဇော်ဦး နှင့်ဇနီးဦးဆောင်၍ စစ်သံမှူးနှင့်ဇနီး၊ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင် များတက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်အတွင်း၌ရှိသော ဒေလီတက္ကသိုလ်၊ ဂေါတမ်ဗုဒ္ဓတက္ကသိုလ်နှင့် သုဘာတီတက္ကသိုလ်အသီးသီးတို့တွင် ပညာသင်ကြားလျက်ရှိသော သံဃာတော်များနှင့် သီလရှင်ဆရာလေး စုစုပေါင်း(၆၃)ပါးတို့အား လှူဖွယ်ဝတ္တုပစ္စည်း အစုစုနှင့် သင်္ကန်းများနှင့် နဝကမ္မအလှူတော်ငွေများအား ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့နောက် ဆက်လက်၍ ဒေလီတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဆရာတော် သာသန ဓဇဓမ္မာစရိယ အရှင်ပညိန္ဒထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်း မှုအစုစုတို့အတွက် ရေစက် သွန်းချအမျှဝေကြကာ ဗုဒ္ဓသာသနံစိရိံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။