အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ Reserve Bank of India ၏ ဥက္ကဋ္ဌ H.E. Shri. Sanjay Malthotra က ဇွန်လ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံဂါရဝပြုသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး နှင့် နယ်ပယ်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေ အနေများ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် ငွေပေးချေမှုများ ပိုမိုမြန်ဆန်ချောမွေ့စေရေး အတွက် နှစ်နိုင်ငံဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ကုန်သွယ်မှု လုပ်ငန်းများအတွက် ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေ အနေများ၊ မြန်မာနိုင်ငံမှ ဘဏ်ဝန်ထမ်းများအား ဘဏ်လုပ်ငန်းစနစ်များနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှ မျှဝေဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား Digital ငွေပေးချေမှုစနစ်၏ အတွေ့အကြုံများကို မျှဝေဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ပတ် သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ Reserve Bank of India ၏ ဥက္ကဋ္ဌနှင့်အတူ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။


**************

