ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ (၆၇) ကြိမ်မြောက် အဘိဓမ္မာစာမေးပွဲကို မြန်မာသံရုံး၊ ကင်ဘာရာမြို့ စာစစ်ဌာန၌ ဒုတိယအကြိမ် ကျင်းပပြုလုပ်ခဲ့ခြင်း

(၂၃-၁၂-၂၀၁၉ ရက်၊ ကင်ဘာရာမြို့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပ ပြုလုပ်ခဲ့သည့် (၆၇) ကြိမ်မြောက် အဘိဓမ္မာစာမေးပွဲများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၂ ရက်ထိ မြန်မာသံရုံး၊ ကင်ဘာရာမြို့ စာစစ်ဌာန၌ ဒုတိယအကြိမ် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာမေးပွဲသို့ ဩစတြေးလျနိုင်ငံတစ်ဝှမ်းရှိ မြန်မာအသိုက်အဝန်းမှ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ရာ ပထမနေ့ (၂၀-၁၂-၂၀၁၉) ကျင်းပခဲ့သည့် အဘိဓမ္မာ (ပထမအဆင့်) စာမေးပွဲသို့ (၂၈) ဦးနှင့် အဘိဓမ္မာစာမေးပွဲ (ဂုဏ်ထူးဆောင်၊ ပထမအဆင့်) သို့ (၁) ဦး၊ ဒုတိယနေ့ (၂၁-၁၂-၂၀၁၉) ကျင်းပခဲ့သည့် အဘိဓမ္မာ (ဒုတိယအဆင့်) စာမေးပွဲသို့ (၂၄) ဦး၊ တတိယနေ့ (၂၂-၁၂-၂၀၁၉) ကျင်းပခဲ့သည့် အဘိဓမ္မာ (တတိယအဆင့်) စာမေးပွဲသို့ (၇) ဦး အသီးသီးဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရှိရသည်။