ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur ကို လက်ခံတွေ့ဆုံ

(၆-၁၁-၂၀၂၅ရက်၊နေပြည်တော်)

 နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြား ရေးမှူး Mr. Sanjay Mathur ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်၊ ၁၀:၄၅ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

 ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် UNOPS အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

 တွေ့ဆုံမှုသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer တို့ တက်ရောက် ခဲ့ကြသည်။ 

****************